မောင်တောပြည်သူများအား AA မှ ကယ်ထုတ်သည့် ရုပ်သံမှတ်တမ်း

Опубликовано: 08 Август 2024
на канале: Coastal News Agency
102
2

မောင်တောမြို့တွင်း ပိတ်မိနေသူတွေ နဲ့ စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်ယူထားတဲ့ ပြည်သူတွေကို အေအေ ကကယ်ထုတ်ပေး

CNA၊ရုပ်သံ။
သြဂုတ်၊ ၈ ။

မောင်တောမြိုထဲမှာ စစ်ကောင်စီက လူသားဒိုင်းကာအဖြစ်ခေါ်ယူထားတဲ့ ပြည်သူလူထုနဲ့ မောင်တောမြိုအတွင်း ပိတ်မိနေကြတဲ့ ပြည်သူလူထုတွေကို အာရက္ခတပ်တော် အေအေ က အသုတ်လိုက်၊ အသုတ်လိုက် ဘေးလွတ်ရာသို ရွေ့ပြောင်းကယ်တင်တာတွေကို ပြုလုပ်ခဲ့တယ်လို့ အေအေ က ရုပ်သံနဲ့ တကွ သတင်းထုတ်ပြန်လာပါတယ်။

အဲဒါတွေ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကိုယ့်နည်း ကိုယ့်ဟန် နဲ့ထွက်ပြေးလာသူတွေ ရှိခဲ့ကြတယ်လို့လည်း အေအေက ဆိုထားပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် အေအေဟာ မောင်တောမြို့နယ် အတွင်းက စစ်ကောင်စီလက်ကျန်တပ်စခန်း ၂ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။.


ယခုဖော်ပြပါ ဗီဒီယိုမှတ်တမ်းမှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့က မောင်တော၊ လသာရွာ မှ ရွာသူရွာသားများအား အာရက္ခတပ်တော်မှ ကယ်ထုတ်လာခဲ့သူများ ဖြစ်သည်။


Смотрите видео မောင်တောပြည်သူများအား AA မှ ကယ်ထုတ်သည့် ရုပ်သံမှတ်တမ်း онлайн без регистрации, длительностью часов минут секунд в хорошем качестве. Это видео добавил пользователь Coastal News Agency 08 Август 2024, не забудьте поделиться им ссылкой с друзьями и знакомыми, на нашем сайте его посмотрели 102 раз и оно понравилось 2 людям.