စစ်တွေမြို့ ဗျိုင်းဖြူရွာက အရပ်သားပြည်သူ ၅၀ ကျော် သတ်ဖြတ်တဲ့ အထဲမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မပါဝင်ဘူးလို့ ငြင်းဆို
DVN၊စာသတင်း။
ဇွန်လ၊ ၃ ။
မေလ ၂၉ ရက်နေ့က စစ်တွေမြို့ဗျိုင်းဖြူကျေးရွာက အရပ်သားပြည်သူ ၅၀ ကျော်ကို စစ်ကောင်စီတပ်တွေ နဲ့ အတူပူးပေါင်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ကိစ္စဟာ တစ်ဖက်သတ် စွပ်စွဲချက်ဖြစ်ပြီး မဟုတ်မမှန်သတင်းတွေကို လုပ်ကြံပြောဆိုတာ ဖြစ်တယ်လို့ စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကသတင်းထုတ်ပြန်လာပါတယ်။
စစ်တွေမြို့နယ်အတွင်းက ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်ကောင်စီရဲ့ ကြမ်းဖက် သင်တန်းဆင်း မွတ်ဆလင်တပ်ဖွဲ့ ဝင်တွေ အပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ ဝင်တချို့ နဲ့ စုစုပေါင်း အင်အား ၁၇၀ ကျော်ရှိတဲ့ စစ် ကြောင်း တစ်ခုဟာ မေလ ၂၉ ရက်နေ့မှာ အဲဒီကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အဲဒီကျေး ရွာတစ်ခုလုံးက ဒေသခံထောင်ချီတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီးနောက် အရပ်သား ပြည်သူ ၅၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဗျိုင်းဖြူကျေးရွာ အတွင်းက ထွက်ပြေးလွတ်မြောက်လာသူတွေ နဲ့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA/AAက ပြောဆိုထားပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့သူ၊ပါဝင်ခဲ့သူ နဲ့ ညွန်ကြားခဲ့သူတွေကို အာရက္ခတပ်တော် အ နေ နဲ့ လက်စားချေတုန့်ပြန်သွားမယ်လို့ မနေ့ က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် စောမြရာဇင်လင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က အဲဒီကိစ္စမှာ သူတို့ ပါဝင်ခဲ့တာ မရှိခဲ့ဘူးလို့ ငြင်းဆိုချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဌ ဒေါ်စောမြရာဇာလင်းဟာ မတရားမှုကို လုံးဝလက်ခံသူမဟုတ်သလို ရခိုင်လူမျိုးအချင်းချင်း မသတ်ဖြတ်ဖို့ကိုလည်း အမြဲညွန်ကြားနေသူ တစ်ဦးဖြစ်ပြီး ဗျိုင်းဖြူရွာက အပြစ်မဲ့ အရပ်သားတွေ သတ်ဖြတ်ရာမှာ ALP တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်ဆိုတာ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခက လုပ်ကြံကာ ပြောဆိုထားတာ ဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရဲ့ ပါတီစည်းရုံးရေး တာဝန်ခံ ခိုင်အောင်ဇံက ပြောဆိုထားပါတယ်။
အရင်တုန်းကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ကို ပျက်စီးရာပျက်စီးကြောင်းအနေနဲ့ လုပ်ကြံဖန်တီးရေးသားခဲ့တဲ့ သတင်းတွေဟာ ၇ကြိမ်ထက်မနည်း ရှိခဲ့ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နဲ့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA/AA ကြား တစ်ဖက် နဲ့ တစ်ဖက် ပြသနာ ဖြစ်ပွါးလာအောင်လုပ်ဆောင်ဖန်းတီးခဲ့တာဟာလည်း ဦးခိုင်သုခရဲ့ လုပ်ကြံတာတွေေကြောင့် အဖွဲ့ အစည်း နှစ်ခုကြားပြသနာ ဖြစ်ပွါးလာခဲ့တာ ဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရဲ့ ပါတီစည်းရုံးရေး တာဝန်ခံ ခိုင်အောင်ဇံ က ဦးခိုင်သုခ အပေါ် စွပ်စွဲပြောဆိုထားတာ တွေ့ ရပါတယ်။
ရခိုင်ပြည်သူတွေ နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တို့အကြား ပြသနာဖြစ်ပွါးလာအောင် ပြောဆိုဖန်တီးနေမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ လည်း သူကပြောဆိုထားပါတယ်။
ပြောဆိုချက် အပြည့်အစုံကို ရုပ်သံတွင် ဆက်လက်နားဆင်နိုင်ပါသည်။
Watch video စစ်တွေမြို့ ဗျိုင်းဖြူရွာက အရပ်သားပြည်သူ ၅၀ ကျော် သတ်ဖြတ်တဲ့ အထဲမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ online without registration, duration hours minute second in high quality. This video was added by user Coastal News Agency 03 June 2024, don't forget to share it with your friends and acquaintances, it has been viewed on our site 99 once and liked it 3 people.